25 အယ်ကြောန့် လူလေဟှို ပြစ်ချည်နှောင်ရှင်းထဲဟှနေ လွတ်မြော့-က်စေဘီး စောင်လင်ဟှူ ပညတ်တရားဟှို သေးသေချားချာဟှား လေ့လာကေ့ရှုဟှူလူဟှာ တရားဟှိုနာဘီးဟှာ မေ့ဟှားဇာမျိုးမှုဘဲန ဆစ်ဘီး အာရောင်ပြုဘီးဟှာ လတ်တွေကျင့်သောင်းလူ ဖြစ်ဟှူကြောန့် ဖြားမှုဘဲလောက်လောက် ဘုရားသခင်ရဲ့ ကောန်းဂျီးမင်္ဂလာဟှို ခံစားရလေ့မယ်။
Publicidade