5 နန်းနို့ထဲမာ ယော့-က်ယော့-က်ဟှ ပညာဟှိုလိုရှင်ဟှယ် ဆိုဟှာ ကဲ့ရဲ့ပြစ်တန်ဘဲ့န၊ လူလေ ဂူလောင်းဟှို စေတနာစိန ပေးသနားဟှူ ဘုရားသခင်နားမာ တောန်းစေ။ တောန်းမယ် ဆိုဟှာ ရလေ့မယ်။ 6 အယ်ဘေမဲ့ သံသယမှေ့ဘဲ့န ယောင်ကြည်ဟှူစိန တောန်းရမယ်။ ယောင်မှားဘီး သံသယစိရှိဟှူလူဟှာ လေတိုက်ဟှူ ခီမာ လှောက်ရှာနေဟှူ ပန်လယ်ဟှ ရေလှိုင်းနတူဟှယ်။ 7 အယ်လူဟှာ ဘုရားသခင်နားဟှနေ ဖြားဇာခုလည်းရမယ် ဆိုဇာ ထန်မှတ်စေန။ 8 အယ်မျိုးလူဟှာ စိနှေ့ခွရှိဟှူကြောန့် သူလောက်နေဟှူဇာလေမာ တည်ကြည်ရှင်းမှေ့ဘဲဟှူ သူဖြစ်ဟှယ်။