15 ညီကို မောန်နှမလေဟှာ စားဝတ်နေရေး ဆင်းရဲနေဟှူ ခီမာ 16 နန်းနို့ဟှ "နန်းနို့လေဟှို ဘုရားသခင် ကောန်းဂျီးပေးပါစေ။ ငြီးငြီးချမ်းချမ်းဟှား နေဂေ့ပါ။ ဝဝဟှားစားဂေ့" ဆိုဘီး ပြောဘီးဟှာ သူးနို့ရဲ့ ကိုယ်ခန္ဓာတွပ် လိုအပ်နေဟှူ ဇာလေဟှို ပေးဘဲ့န နေမယ် ဆိုဟှာ ဖြာကျိုးရှိမယ်နူး။ 17 ယောင်ကြည်ရှင်းဟှလည်း အယ်မျိုးဘဲ့ဖြစ်ဟှယ်။ ကျင့်မှေ့ဘဲ့ဟှူ ယောင်ကြည်ရှင်းဟှာ ခုဒဲဘဲဖြစ်ဟှူကြောန့် သေဖြစ်ဟှယ်။