17 အယ်ဘေမဲ့ ထတ်ဟှလာဟှူ ပညာဟှာ ဦးဆောင်းဟှ သန့်ရှင်းစင်ကြယ်ဟှယ်။ အယ်ဘီးန ငြီးချမ်းဘီးဟှာ သာယာရှင်း၊ နူးညံ့သိမ်မွေ့ရှင်း၊ ရှစ်ရှစ်ခင်ခင် ဖြစ်စေဟှယ်။ ကရုဏာန ကြွယ်ဝပ္လဲ့ဇောင်ဘီး ကောန်းမြတ်ဟှူ ကျင့်လေဖြစ်ဟှူ သီးပွမ့်လေဟှိုလည်း ဖြစ်စေဟှယ်။ မျစ်နှာလည်းလိုက်ဟှ။ ဟန်ဆောန်မှုလေလည်း မှေ့ဟှ။