3 နို့လေဟှာ ဗြင်းဇတ်ပေါ့-က်ဟှို ခယ်ဟှားဘီးဟှာ ဗြင်းတကိုယ်လောင်းဟှို လှည့်စေဟှို့တွပ် နို့လေရဲ့ စကားဟှို နားထောန်ခိုင်းဘီးဟှာ သွားရှင်ဟှူနေရာဟှို သွားခိုင်းနိုင်ဟှယ်။ 4 ရရာတိုင်းကီးဟှူ သန်းဖော်လေဟှို လေတိုက်နေဟှူ ခီမာ ပဲ့ဟှိုကိုင်ဘီးဟှာ ထီးချောက်ဘီး ပဲ့ထီးဟှူလူဟှ သွားရှင်ဟှူနေရာဟှို လှည့်တတ်ဟှယ်။ 5 လျှာဟှလည်း အယ်မျိုးတိုင်းဘဲ့ ဖြစ်ဟှယ်။ ကိုယ်ခန္ဓာမာ ငယ်ဆောင်းအင်္ဂါဖြစ်ဘေမဲ့ ရရာတိုင်းကီးဟှူဇာလေဟှို ဝါကြွားတတ်ဟှယ်။
ရရာတိုင်းကီးဟှူသစ်တောဟှို ရရာတိုင်းငယ်ဟှူမီးပွားဟှ လောန်နိုင်ဟှယ် ဆိုဇာ ကေ့ကေ့ပါ။ 6 လျှာဟှာ မီးနတူဟှယ်။ ပြစ်ဒုစရိုက်လေန ပ္လဲ့ဝဟှူ လောကဖြစ်ဟှယ်။ အယ်မျိုးဘဲ့ ကိုယ်ခန္ဓာမာ အင်္ဂါတခုနေန ရှိနေဘီး နို့လေရဲ့ ကိုယ်ခန္ဓာ တခုလောင်းဟှို ပြစ်ဒုစရိုက်လေန ကူးစစ်ဘီး ပ္လံ့နှံ့စေဟှယ်။ လျှာဟှာ ငရဲမီးန နို့လေရဲ့ ဘဝဂူလောင်းဟှို လောန်စေဟှယ်။