14 နန်းနို့ဟှာ နတ်ကီးတိုင်ဟှာ ဖယ်မျိုးဖြစ်မယ် ဆိုဇာ သိနိုင်ဂေ့ဟှ။ နန်းနို့သတ်ဟှာ ရှစ်ဟှားပေါ်လာဘီးန ပျော့-က်ဟှားတတ်ဟှူ မီးခိုးနတူဟှယ်။ 15 "ဘုရားသခင် လိုတော်ရှိမယ် ဆိုဟှာ နို့လေဟှာ သတ်ရှင်ဘီး အယ်မှုလေဟှို အယ်မျိုးလောက်မယ်။ အယ်မျိုးလောက်ဂေ့ဇို့" ဆိုဘီး နန်းနို့ပြောဂေ့ဟှယ်။