14 ၅.၁၄ မာ ၆.၁၃ဖျားနေဟှူလူဟှာ သင်းတော်ဟှို အောက်ထီးဟှူ သင်းအောက် လူဂီးလေဟှို ခေါ်ဂေ့။ သူးနို့ဟှာ သခင်ဘုရားရဲ့ နာမတော်ဟှို မှီပြုဘီးဟှာ လူနာဟှို ဆီနလူးဘီးဟှာ ဆုတောန်းဂေ့ပါ။ 15 ယောင်ကြည်ရှင်းန ဆုတောန်းရှင်းဟှာ လူနာဟှို ကျန်းမာစေလေ့မယ်။ သခင်ဘုရားဟှာ သူ့ဟှို ကျန်းမာစေဘီး သူလောက်ဟှားဟှူ ပြစ်လေဟှိုလည်း လွှတ်ပေးလေ့မယ်။ 16 အယ်ကြောန့် နန်းနို့ရှင်းရှင်း ကိုယ်ပြစ်လေဟှို ဖော်ပြဝန်ခံဘီး ရှင်းရှင်းလေတွပ် ဆုတောန်းမယ် ဆိုဟှာ ရောဂါလေ ပျော့-က်လေ့မယ်။ သူတော်ကောန်း ဆုတောန်းရှင်းဟှာ ရရာတိုင်း တဂိုးပါဟှယ်။