17 ဧလိယဟှာ နို့လေမျိုးဘဲ့ သာမန်လူဖြစ်ဟှယ်။ သူဟှာ မိုးဝါဘဲဟှို့တွပ် စိအားထတ်သန်ဘီး ဆုတောန်းဟှူ ခီမာ ကမ္ဘာမ္လေဂီးထတ်မာ သောင်းနှစ်န ခြော့-က်လတိတိ မိုးဝါဘဲနေလေဟှယ်။ 18 နော့-က်တခါ ဧလိယ ဆုတောန်းဟှူ ခီမာ ကောန်းဂန်ဟှ မိုးဝါခ္လဘီး မ္လေဆီလွှာဟှာ သီးနှံလေဟှို ပိုဘီး သီးစေဟှယ်။