သည်းခံရှင်းန ဆုတောန်းကြောန်း
7 အယ်ကြောန့် ညီကို မောန်နှမလေ၊ နန်းနို့ဟှာ သခင်ဘုရား ကြွလာဟှူခီထိ သည်းခံဘီးဟှာ စောန့်နေဂေ့ပါ။ လယ်သမားဟှာ သူ့ရဲ့ လယ်မာ ဖိုးကီးဟှူ သီးနှံလေ ထွပ်လာဟှို့တွပ် ရင်မိုးန နော့-က်မှဝါဟှူ မိုးဟှို စောန့်မျှော်နေဟှယ်။ 8 နန်းနို့ဟှာ သည်းခံဟှူစိန စောန့်နေဂေ့ပါ။ သခင်ဘုရား ကြွလာဟှူ နေ့ရစ်ကာလဟှာ နီးလာဘီ ဖြစ်ဟှူကြောန့် နန်းနို့လေ မျှော်လင့်ဇာလေဟှို ခိုင်းခိုင်မားမာ ထားဂေ့ပါ။