6 ၁.၆–၉ ၁ တိ ၃.၂–၇သင်းတော်လူဂီးဟှာ ပြစ်တန်ခွမ့်မှေ့ဘဲဟှူလူ ဖြစ်ရမယ်။ အယ်လူဟှာ မယားယော့-က်ဘဲ့ ရှိရမယ်။၁.၆ မယားယော့-က်ဘဲ့ ရှိရမယ်၊ အယ်မျိုးမှုဘဲ့နေဟှာ တခါဘဲ့ လတ်ထပ်ဟှားဟှယ်။ သူ့ရဲ့ သားလေမီးလေဟှာ ယောင်ကြည်သူဖြစ်ရမယ်။ ပျော်ပါးလေလွန်ကျူးဘီး စကားနားထောန်ဘဲ့ဟှူလူ ဖြစ်ဟှို့ရဟှ။ 7 သင်းတော်ဟှို ဦးဆောန်ဟှူ သင်းတော်လူဂီးဟှာ ဘုရားသခင်ရဲ့ မှုတော်ဟှို တာဝန်ယူဘီးလောက်ဟှူလူ ဖြစ်ဟှူကြောန့် ဘဏ္ဍာထီးမျိုးဘဲ့ ပြစ်တန်ခွမ့်မှေ့ဘဲဟှူလူ ဖြစ်ရမယ်။ မာနကီးဟှူသူ၊ စိတိုဟှူသူ၊ ယစ်သော့-က်ဟှူသူ၊ စိကြမ်းဟှူသူ၊ ကပ်ဟှို ရရာတိုင်း လိုရှင်ဟှူသူလည်း ဖြစ်ဟှို့ရဟှ။ 8 ဧည့်ဝတ်ကျေဟှူသူ၊ ကောန်းဟှူဇာလေဟှို ကြိုက်ဟှူလူ ဖြစ်ရမယ်။ သူဟှာ ကိုယ့်ကိုယ်ကိုယ် ထီးချောက်နိုင်ရမယ်၊ ဖြောန့်မတ်ရမယ်၊ သန့်ရှင်းဟှူသူ၊ ဘုရားတရားဟှို ရိုသေဟှူလူ ဖြစ်ရမယ်။ စည်းကမ်းရှိရမယ်။ 9 သူဟှာ မှန်ကန်ဟှူယူဝါဒဟှို စွဲစွဲမြဲမြဲဟှား ယောင်ကြည်ရမယ်၊ အယ်မျိုးနည်းနဘဲ့ သူဟှာ စစ်မှန်ဟှူ တရားဟှို အားပေး တိုက်တွန်းနိုင်လေ့မယ်။ စစ်မှန်ဟှူ တရားဟှို တိုက်ခိုက်ဟှူ လူလေရဲ့မှားဟှို ထော့-က်ပြနိုင်လေ့မယ်။