11 ဘုရားသခင်ဟှာ လူလေဂူလောင်းဟှို ကယ်တန်ဟှူ သူ့ရဲ့ ကျေးဇူးတော်ဟှို ထန်ရှားစေဟှယ်။ 12 နို့လေဟှာ ဘုရားတရားမှေ့ဘဲန လောက တတ်မတ်ရှင်းလေဟှို ဖယ်ရှားဘီး အယ်လောကမာ ဘုရားဝတ်နှိုက် ပျော်မွေ့ရှင်း၊ တင့်တယ်လျောက်ပတ်ရှင်း၊ ဖြောန့်ဖြောန့်မတ်မတ် သတ်ရှင်ရှင်းန 13 ကီးမြတ်ဟှူ ဘုရားသခင်ဖြစ်ဟှူ နို့လေရဲ့ ကယ်တန်ရှင် ယေရှုခရစ်တော်ရဲ့ ဖောင်းသရေတော် ပေါ်လာရှင်းအားဖြင့် မင်္ဂလာရှိဟှူ မျှော်လင့်ရှင်းဟှို စောန့်နေဘီးဟှာ ဆောင်းမသွန်သန်ဘီး ရှိနေဟှယ်။ 14 ၂.၁၄ ၁ ပေ ၂.၉နို့လေဟှို ဆိုးညစ်ရှင်းလေ ဂူလောင်းထဲဟှနေဘီး လွတ်မြော့-က်ဟှို့တွပ်န နို့လေဟှာ စိနှလောင်းဖြူစင် သန့်ရှင်းဘီး ကိုယ်တော်ဘဲ့ ပိုင်ဆိုင်ဟှူ လူဖြစ်ဘီး ကောန်းဟှူ ကျင့်လေမာ စိအားထတ်သန်ဂေ့ဟှို့တွပ် ခရစ်တော်ဟှာ နို့လေတွပ် သူ့ကိုယ်သူ စွန့်လိုက်ဟှယ်။