5 နို့လေဟှာ ကယ်တန်ရှင်းဟှို ခံရဂေ့ဟှယ်။ အယ်မျိုးကယ်တန်ရှင်း ခံရဟှူဇာဟှ နို့လေရဲ့ ဖြောန့်မတ်ဟှူ ကျင့်အားဖြင့်မှုဘဲ ကိုယ်တော်ဟှာ သူ့ရဲ့ ကရုဏာတော်နညီ သန့်ရှင်းဟှူဝိညာဉ်တော်ကြောန့် နို့လေဟှို နော့-က်တခါ ပ္လန်မွီးဘီးဟှာ သစ်ဖြစ်ဟှူသက်တာန ဘဝသစ်ဟှို ပေးကြောန့်ဖြစ်ဟှယ်။