အသင်းတော်ထဲ၌ စိတ်ဝမ်းကွဲခြင်းများ
10 ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ နာမတော်ကို အမှီပြု၍ ငါသည် သင်ရို့အားလုံးကို တောင်းပန်ပါ၏။ စိတ်ဝမ်းကွဲပြားမှုမဟိစီခြင်းငှာ သင်ရို့၏စကားအပြောအဆို၌ ညီညွတ်မှုဟိကြလော့။ တစ်စိတ်တစ်ဝမ်းတည်းဖြင့် စည်းလုံးမှုဟိကြလော့။