4 မေတ္တာသည် သည်းခံတတ်၏။ သနားကြင်နာတတ်၏။ မေတ္တာသည် မနာလိုစိတ်မဟိ။ ကြွားဝါမှု မဟိ။ မာန်မာန မဟိ။ 5 မလျောက်ပတ်သော အမှုကို မပြုတတ်။ တစ်ကိုယ်ကောင်းဆန်သောစိတ် မဟိတတ်။ အမျက်ဒေါသ မထွက်တတ်။ သူတစ်ပါး၏အပြစ်ကို မှတ်၍မထားတတ်။ 6 မကောင်းမှုဒုစရိုက်၌ မပျော်မွိ့တတ်၊ သို့သော် သမ္မာတရား၌သာ ဝမ်းမြောက်တတ်၏။ 7 မေတ္တာသည် အစဉ်သဖြင့် ဖုံးအုပ်ပီးတတ်၏၊ ယုံကြည်တတ်၏၊ မျှော်လင့်တတ်၏၊ သည်းခံတတ်၏။
8 မေတ္တာသည် အမြဲတည်၏။ ပရောဖက်ပြုခြင်းသည်လည်း မတည်မြဲ။ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော အခွင့်သည်လည်း ရပ်တန့်လိမ့်မည်။ အသိပညာလည်း ကွယ်ပျောက်လိမ့်မည်။