20 သို့သော် ခရစ်တော်သည် သီခြင်းတရားမှ အမှန်စင်စစ် ရှင်ပြန်ထမြောက်တော်မူပြီး သီလွန်သောသူရို့၌ အဦးဆုံးသော အသီးဖြစ်တော်မူ၏။ 21 ဇာကြောင့်ဆိုသော် တစ်ယောက်သောသူအားဖြင့် သီခြင်းတရားသည် ဝင်ရောက်လာသည့်နည်းတူ တစ်ယောက်သောသူအားဖြင့် သီခြင်းတရားမှ ရှင်ပြန်ထမြောက်ခြင်းသည်လည်း ဝင်ရောက်လာ၏။ 22 အကြောင်းမူကား လူအပေါင်းရို့သည် အာဒံ၌ သီဆုံးကြရ၏။ သို့သော် ခရစ်တော်၌ ထမြောက်ရကြလိမ့်မည်။