10 သို့သော်၂.၁၀ သို့သော်၊ အချို့သောမူရင်း လက်ရီးမူကျမ်းများတွင် အကြောင်းမူကား၊ ဟူ၍ ပါဟိ၏။ ထိုကွယ်ဝှက်ထားသော အမှုအရာကို ဘုရားသခင်သည် ငါရို့အား မိမိ၏ ဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူ၏။ ထိုဝိညာဉ်တော်သည် ခပ်သိမ်းသော အရာကို သာမက ဘုရားသခင်၏ ကွယ်ဝှက်ထားသည့် နက်နဲသော အကြံအစည်တော်များကိုပင်လျှင် ရှာဖွီတော်မူ၏။