16 ၃.၁၆ ၁ ကော ၆.၁၉; ၂ ကော ၆.၁၆ သင်ရို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကိုလည်းကောင်း သိကြသည် မဟုတ်လော။ 17 ဘုရားသခင်၏ဗိမာန်တော်ကို ဖျက်ဆီးသောသူအား ဘုရားသခင်သည် ဖျက်ဆီးတော်မူလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ယှင်းတော်မူ၏။ သင်ရို့ကိုယ်တိုင် ထိုဗိမာန်တော် ဖြစ်၏။