15 သင်ရို့၏ ကိုယ်ခန္ဓာများသည် ခရစ်တော်၏ ကိုယ်အင်္ဂါများဖြစ်သည်ကို သင်ရို့သိကြ၏။ ငါသည် ခရစ်တော်၏ကိုယ်အင်္ဂါကို ယူ၍ ပြည့်တန်ဆာ၏ ကိုယ်အင်္ဂါ ဖြစ်ရစီမည်လော။ ထိုသို့ မဖြစ်စီနိုင်။ 16 ပြည့်တန်ဆာနှင့် ဆက်ဆံသောသူသည် ထိုပြည့်တန်ဆာနှင့် တစ်သားတည်းတစ်ကိုယ်တည်း ဖြစ်သည်ကို သင်ရို့မသိကြသလော။ ကျမ်းစာတော်၌ "ထိုသူနှစ်ယောက်ရို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ကြလိမ့်မည်" ဟု လာ၏။ 17 သို့ရာတွင် သခင်ဘုရားနှင့်ပေါင်းဖော်သော သူသည် ထိုသခင်နှင့် တစ်စိတ်တစ်ဝိညာဉ်တည်း ဖြစ်၏။
18 မတရားသောမေထုန် လိုက်စားခြင်းကို ယှောင်ကြလော့။ လူပြုတတ်သော အခြားအပြစ်အားလုံးသည် ကိုယ်ခန္ဓာပြင်ပ၌ ဖြစ်သော်လည်း မတရားသောမေထုန် လိုက်စားခြင်းအပြစ်ကိုပြုသော လူတစ်ယောက်ကား မိမိ၏ခန္ဓာကိုယ်ကို ပြစ်မှားသောသူ ဖြစ်၏။ 19 ၆.၁၉ ၁ ကော ၃.၁၆; ၂ ကော ၆.၁၆သင်ရို့ ကိုယ်ခန္ဓာသည် သန့်ယှင်းသော ဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်ကြောင်းကိုလည်းကောင်း၊ ဘုရားသခင် ပီးသနားတော်မူ၍ ဝိညာဉ်တော်သည် ကိန်းအောင်းတော်မူကြောင်းကိုလည်းကောင်း မသိကြသလော။ သင်ရို့သည် ကိုယ့်ကိုယ်ကို မပိုင်။ ဘုရားသခင်သာလျှင် ပိုင်တော်မူပြီး၊ 20 ကိုယ်တော်သည် သင်ရို့အား အဖိုးအခဖြင့် ဝယ်ထားတော်မူ၏။ ထို့ကြောင့် သင်ရို့၏ ကိုယ်ခန္ဓာကို ဘုရားသခင်၏ဘုန်းတော် အဖို့ အသုံးပြုကြလော့။