9 ဆိုးညစ်သောသူရို့သည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရကြောင်း သင်ရို့သိကြ၏။ သင်ရို့ကိုယ်တိုင် မရူးမိုက်ကတ်ကေ့။ မတရားသောကာမဂုဏ်လိုက်စားသောသူတိ၊ ရုပ်တုဆင်းထုကိုးကွယ်သောသူတိ၊ သူတစ်ပါး သားမယားကို ပြစ်မှားသောသူတိ၊ ယောက်ျားအချင်းချင်းသော်လည်းကောင်း မိန်းမအချင်းချင်းသော်လည်းကောင်း မှားယွင်းသောသူတိ၊ 10 သူတစ်ပါးဥစ္စာကို ခိုးသောသူတိ၊ လောဘလွန်ကြူးသောသူတိ၊ သီရည်သောက်ကြူးသော သူတိ၊ အတင်းပြောသောသူတိနှင့် လုယက်တိုက်ခိုက်သောသူရို့သည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရကြ။ 11 အယင်က သင်ရို့တွင် အချို့သောသူရို့သည် ထိုကဲ့သို့ ဆိုးယုတ်သောသူတိဖြစ်ခကြ၏။ သို့သော် အဂုတွင် သင်ရို့သည် အပြစ်မှ ဆီးကြောသန့်စင်ခြင်းကို ခံကြရသောသူများဖြစ်ပြီး၊ ဘုရားသခင်အား ဆက်ကပ်သောသူများ ဖြစ်ကြ၏။ အသျှင်ယေသျှုခရစ်တော်၏ နာမအားဖြင့် လည်းကောင်း၊ ငါရို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် လည်းကောင်း သင်ရို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသို့ ရောက်ကြယာ။
Publicidade
၁ ကောရိန္သု 6
Estes versículos te tocaram? Ore agora!
+581 estão orando agora.
Junte-se à corrente de oração.