8 အဂု ငါပြောလိုသည်မှာ အိမ်ထောင်မပြုသောသူတိနှင့် မုဆိုးမရို့သည် ငါကဲ့သို့ တစ်ကိုယ်တည်းဆက်လက်၍ နီထိုင်နိုင်လျှင် သာ၍ကောင်း၏။ 9 သို့သော် သင်ရို့၏စိတ်ဆန္ဒကို မချုပ်တည်းနိုင်လျှင် အိမ်ထောင်ပြုကြလော။ ကိလေသာစိတ်ပူလောင်ခြင်း ဟိသည်ထက် အိမ်ထောင်ပြုခြင်းက သာ၍ကောင်း၏။
10 ၇.၁၀–၁၁ မ ၅.၃၂; ၁၉.၉; မာ ၁၀.၁၁,၁၂; လု ၁၆.၁၈ အိမ်ထောင်သျှင်ရို့အဖို့ ငါ၌ ပညတ်တစ်ခုဟိ၏။ ယင်း ပညတ်သည်ကား ငါ့ပညတ် မဟုတ်။ သခင်ဘုရား၏ ပညတ်သာ ဖြစ်၏။ ထိုအရာကား၊ မယားသည် မိမိ၏လင်ယောကျ်ားကို မကွဲကွာရ။ 11 သို့သော် ကွဲကွာလျှင် တစ်ဦးတည်းနီထိုင်ရမည်။ ထိုသို့မဟုတ် မိမိလင်ယောကျ်ားနှင့် ပြန်၍ ပေါင်းသင်းစီ။ လင်ယောကျ်ားသည်လည်း မိမိမယားကို မကွာယှင်းရ။