12 သာသနာပလူရို့သည် သင်ရို့အား မကောင်းမှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက် နိန်ကြစဉ် သင်ရို့၏ ကောင်းသောအကျင့်များကို မြင်သဖြင့် သခင်ဘုရား ကြွလာတော်မူသောနိ့၌ ဘုရားသခင်အား ချီးမွမ်းကြစီရန် သင်ရို့သည် ထိုသူရို့ရှိ့တွင် တင့်တယ်လျောက်ပတ်စွာ ပြုမူလျက် နီထိုင်ကြလော့။
13 သခင်ဘုရား၏ မျက်နှာတော်ကိုထောက်၍ လူသားနှင့်စပ်ဆိုင်၍ စီရင်အုပ်စိုးခြင်းတည်းဟူသော အထွတ်အမြတ်ဖြစ်သော ဧကရာဇ်မင်းကိုလည်းကောင်း၊ 14 လူဆိုးတိကို အပြစ်ပီးရန်နှင့်၊ ကောင်းသောအမှုကို ပြုသောသူတိကို ဂုဏ်ပြုချီးမွမ်းရန် ခန့်ထားသော အစိုးရမင်းများကိုလည်းကောင်း နာခံကြလော့။