18 ဇာကြောင့်ဆိုသော် မဖြောင့်မတ်သောသူတည်းဟူသော သင်ရို့အားလုံးကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ပီးခြင်းငှာ ဖြောင့်မတ်သောသူတည်းဟူသော ခရစ်တော်သည် ငါရို့အပြစ်တိအတွက် တစ်ကြိမ်တည်းနှင့်အပြီး အသီခံတော်မူခ၃.၁၈ အသီခံတော်မူခ၊ များစွာသော လက်ရီးမူရင်းကျမ်းများထဲတွင် ဝေဒနာခံစားရခ၊ ဟု ဖော်ပြထား၏။ သောကြောင့် ဖြစ်၏။ ကိုယ်တော်သည် ကိုယ်ကာယအားဖြင့် အသီသတ်ခြင်းကို ခံရသော်လည်း ဝိညာဉ်တော်အားဖြင့် အသက်ရှင်လျက် ဟိတော်မူ၏။