သခင်ဘုရား ကြွလာတော်မူခြင်း
13 အစ်ကိုမောင်နှမရို့၊ သင်ရို့သည် မျှော်လင့်ခြင်း ကင်းမဲ့သူများကဲ့သို့ ဝမ်းနည်းကြီကွဲမှု မဖြစ်ကြစီရန် ငါရို့သည် သီလွန်သူများနှင့်ပတ်သက်၍ အမှန်တရားကို သင်ရို့အား သိစီလို၏။ 14 အကြောင်းမူကား ယေသျှုသည် အသီခံတော်မူပြီးနောက် တဖန် ထမြောက်တော်မူသည်ဟု ငါရို့ ယုံကြည်ကြလျှင် ဘုရားသခင်သည် ထိုအသျှင်ကို ယုံကြည်လျက် သီလွန်ပြီးသောသူရို့အား ယေသျှုနှင့်အတူ ပြန်၍ ခေါ်ထုတ်တော်မူလိမ့်မည်။