3 ဘုရားသခင်သည် သင်ရို့ကို သန့်ယှင်းစီရန်နှင့် ကာမဂုဏ်လိုက်စားခြင်းမှ လုံးဝ လွတ်ကင်းစီရန် အလိုဟိတော်မူ၏။ 4 သင်ရို့တစ်ဦးစီတိုင်းသည် သန့်ယှင်းခြင်းနှင့် ဂုဏ်သရေဟိခြင်းဖြင့် မိမိ၏မယားနှင့် မည်သို့ ပေါင်းသင်းနီထိုင်သင့်သည်၄.၄ မိမိ၏မယားနှင့် မည်သို့ ပေါင်းသင်းနီထိုင်သင့်သည်၊ သို့မဟုတ် မိမိကိုယ်ခန္ဓာကို ထိန်းသိမ်းခြင်း။ကို သိကြသည်ဖြစ်၍၊ 5 ဘုရားသခင်ကို မသိသော တခြားလူမျိုးတိကဲ့သို့ ကိလေသာတပ်မက်ခြင်း စိတ်၏အလိုသို့ မလိုက်ကတ်ကေ့။ 6 ဤကိစ္စတွင် သင်ရို့သည် ညီအစ်ကိုမောင်နှမအချင်းချင်း၌ ပြစ်မှားခြင်း၊ အခွင့်ကောင်းယူခြင်းကို မပြုကတ်ကေ့။ ငါရို့သည် သင်ရို့အား အယင်က ပြောဆိုခသည့်အတိုင်း သခင်ဘုရားသည် ထိုသို့ ပြစ်မှားသောသူရို့အား အပြစ်ဒဏ် စီရင်တော်မူမည်ဖြစ်ကြောင်း သင်ရို့အား ပြင်းထန်စွာ သတိပီးလိုက်၏။ 7 ဘုရားသခင်သည် ငါရို့အား ညစ်ညူးခြင်းထဲသို့ ခေါ်တော်မူခြင်း မဟုတ်ဘဲ သန့်ယှင်းစွာ အသက်ရှင်နီထိုင်ကြရန် ခေါ်တော်မူခြင်းဖြစ်၏။
Publicidade