သခင်ဘုရား ကြွလာတော်မူချိန်အတွက် အဆင်သင့်ပျင်ထားပါ
1 ညီအစ်ကိုမောင်နှမရို့၊ ဤအမှုအရာများ ဖြစ်ပျက်လာမည့် အချိန်ကာလများအကြောင်းကို သင်ရို့အား ရီးသားရန် မလိုယာ။ 2 ၅.၂ မ ၂၄.၄၃; လု ၁၂.၃၉; ၂ ပေ ၃.၁၀အကြောင်းမူကား သခင်ဘုရား၏ နိ့ရက်သည် ညဉ့်အခါ၌ သူခိုးလာသကဲ့သို့ ရောက်လာလိမ့်မည်ဖြစ်ကြောင်းကို သင်ရို့ကိုယ်တိုင် ကောင်းစွာ သိကြ၏။ 3 "အရာရာတိုင်းသည် ငြိမ်ဝပ်ခြင်းနှင့် လုံခြုံမှုဟိ၏" ဟု လူတိပြောဆိုနိန်စဉ်တွင် ကိုယ်ဝန်ဆောင်မိန်းမ၌ သားဖွားခြင်း ဝေဒနာ ရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူရို့ပါးသို့ ရုတ်ကနဲ ရောက်လာ၍ သူရို့သည် လွတ်မြောက်ကြလိမ့်မည် မဟုတ်။ 4 သို့ရာတွင် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့မူကား မှောင်မိုက်ထဲ၌ မဟိသောကြောင့် ထိုနိ့ရက်သည် သင်ရို့ပါးသို့ သူခိုးကဲ့သို့ အထိတ်တလန့် ရောက်လာမည် မဟုတ်။ 5 သင်ရို့အားလုံးသည် အလင်း၏ သားသမီးတိ၊ နိ့၏ သားသမီးတိ ဖြစ်ကြ၏။ ငါရို့သည် ညတွင်လည်းကောင်း၊ မှောင်မိုက်တွင်လည်းကောင်း ကျင်လည်သောသူတိ မဟုတ်။