6 သို့ဖြစ်၍ ငါရို့သည် အခြားသူတိကဲ့သို့ အိပ်ပျော်လျက်မနိန်ကြဘဲ၊ သမ္မာသတိဖြင့် နိုးကြားလျက် နိန်ကြရမည်။ 7 အကြောင်းမူကား အိပ်ပျော်တတ်သောသူရို့သည် ညအချိန်၌ အိပ်တတ်ကြ၏၊ သီရည်သီရက်နှင့် မူးယစ်တတ်သော သူရို့သည် ညအချိန်၌ မူးယစ်တတ်ကြ၏။ 8 ၅.၈ ဧ ၆.၁၃–၁၇သို့ရာတွင် ငါရို့သည် နိ့အချိန်၌ ကျင်လည်သောသူတိ ဖြစ်ကြသောကြောင့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊ ကယ်တင်ခြင်းခံရရန် မျှော်လင့်ခြင်းတည်းဟူသော သံခမောက်ကို ဆောင်းကာ သမ္မာသတိဟိကြကုန်အံ့။ 9 အကြောင်းမူကား ဘုရားသခင်သည် ငါရို့အား အမျက်တော်သင့်စီရန် ရွီးကောက်တော်မူသည် မဟုတ်။ ငါရို့၏ အသျှင် ယေသျှုခရစ်အားဖြင့် ကယ်တင်ခြင်း ခံရကြစီရန် ရွီးကောက်တော်မူ၏။
Publicidade