24 ငါသည် ယုဒလူမျိုးရို့၏ သုံးဆယ်ကိုးချက်သော ရိုက်နှက်ခြင်းကို ငါးကြိမ်တိုင်တိုင် ခံခရ၏။ 25 ၁၁.၂၅ တ ၁၆.၂၂; တ ၁၄.၁၉ငါသည် ရောမအမျိုးသားတိထံ၌ သုံးကြိမ်တိုင်တိုင် ကြိမ်ဒဏ်ခံရခပြီး ကျောက်ခဲဖြင့် တစ်ကြိမ် အပစ်ခံရခ၏။ သင်္ဘောပျက်သည်မှာ သုံးကြိမ်ဖြစ်ပြီး ပင်လယ်ပြင်တွင် တစ်နိ့နှင့်တစ်ည မျောခရ၏။ 26 ၁၁.၂၆ တ ၉.၂၃; တ ၁၄.၅ငါသည် ခရီးအကြိမ်ကြိမ် လားရာတွင် မြစ်ရီကြီးသည့်ဖီး၊ ဒါးပြဖီး၊ ကိုယ့်လူမျိုးဖြစ်သော ယုဒလူမျိုးရို့၏ဖီး၊ လူမျိုးခြားတိ ပြုသောဖီး၊ မြို့ကြီးများတွင် တွိ့ရတတ်သည့်ဖီး၊ ကျေးလက်တောရွာ၌ တွိ့ရသောဖီး၊ ပင်လယ်ပြင်၌ တွိ့ရသောဖီး၊ မိတ်ဆွီအတုယောင်များ၏ဖီးများနှင့် ကြုံတွိ့ခရ၏။ 27 အလုပ်ကို ပင်ပန်းခက်ခဲစွာ လုပ်ကိုင်ရခြင်း၊ မကြာခဏ အိပ်ပျက်ခြင်း၊ ဆာလောင်မွတ်သိပ်ခြင်းနှင့် ရီငတ်ခြင်း၊ မကြာခဏ အစာ ပြတ်လပ်ခြင်း၊ အအီးဒဏ်ခံရခြင်း၊ ဝတ်စရာ လုံလောက်စွာ မဟိခြင်းများကို ငါ ခံရခ၏။
Publicidade
၂ ကောရိန္သု 11
Estes versículos te tocaram? Ore agora!
+581 estão orando agora.
Junte-se à corrente de oração.