7 ငါမြင်ရသည့် ဗျာဒိတ်တော်သည် အလွန် ထူးမြတ်သောကြောင့် ငါ့ကို ထောင်လွှားခြင်း မပြုစီရန် ငါ၏ ခန္ဓာတွင် နာကြင်စီသော ဆူးတစ်ခုကို ပီး၏။ ထိုဆူးသည် စာတန်၏ စီတမန်သဖွယ် ငါ့ကို ဒဏ်ခတ်၍ ငါ၏မာနကို ချိုးနှိမ်၏။ 8 ထိုအရာကို ငါ့ပါးမှ ဖယ်ယှားပီးရန် သခင်ဘုရားထံ သုံးကြိမ်တိုင်တိုင် ငါ ဆုတောင်းခ၏။ 9 သို့သော် ကိုယ်တော်က "ငါ၏ ကျေးဇူးတော်သည် သင့်အတွက် လုံလောက်ပေသည်။ အကြောင်းမူကား ငါ၏တန်ခိုးသည် အားနည်းခြင်းကို ပြည့်စုံစီ၏" ဟု ဖြေကြားတော်မူ၏။ သို့ဖြစ်၍ ခရစ်တော်၏ တန်ခိုးတော်သည် ငါ၌ တည်နိန်သည်ဖြစ်၍ ငါ၏အားနည်းချက်များနှင့်ပတ်သက်၍ ငါသည် အလွန်ဝမ်းမြောက်စွာ ဝါကြွားလိမ့်မည်။
Publicidade