4 ထို့ကြောင့် ဤလောကကို အစိုးရသောဘုရားသည် မယုံကြည်သောသူရို့၏စိတ်ကို အမှောင်ဖုံးထားသဖြင့် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ ဘုန်းတန်ခိုးတော်အကြောင်း သတင်းကောင်း၏ အလင်းကို သူရို့သည် မမြင်ရကြ။ 5 အကြောင်းမူကား ငါရို့သည် မိမိအကြောင်းကို ဟောပြောကြသည် မဟုတ်။ ယေသျှုခရစ်တော်သည် သခင်ဘုရား ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ ငါရို့သည် ယေသျှုအတွက် သင်ရို့၏ အခိုင်းအစီများ ဖြစ်ကြောင်းကိုလည်းကောင်း ဟောပြောကြ၏။ 6 ခရစ်တော်၏ မျက်နှာတော်တွင် ထွန်းလင်းလျက်ဟိသော ဘုရားသခင်၏ ဘုန်းတန်ခိုးတော်အကြောင်းကို သိနိုင်စီခြင်းငှာ ငါရို့၏ စိတ်နှလုံး၌ အလင်းကို ထွန်းလင်းစီတော်မူသော ဘုရားသခင်ကား "အမှောင်ထဲမှ အလင်းပေါ်ထွန်းလိမ့်မည်" ဟု မိန့်တော်မူခသော ဘုရားသခင်ပင် ဖြစ်သတည်း။
Publicidade
၂ ကောရိန္သု 4
Estes versículos te tocaram? Ore agora!
+581 estão orando agora.
Junte-se à corrente de oração.