ခရစ်တော်အားဖြင့် ဘုရားသခင်နှင့် မိတ်ဖွဲ့ခြင်း
11 သခင်ဘုရားကို ကြောက်ရွံ့ခြင်းနှင့် ပတ်သတ်၍ ငါရို့သည် သိသဖြင့် တခြားလူတိကို ကြိုးစား၍ စည်းရုံးရခြင်း ဖြစ်ကြ၏။ ဘုရားသခင်သည် ငါရို့ကို အကြွင်းမဲ့ သိတော်မူသည်ဖြစ်၍ သင်ရို့သည်လည်း သင်ရို့၏ စိတ်ထဲ၌ ငါ့ကို ကောင်းစွာသိလိမ့်မည်ဟု မျှော်လင့်၏။ 12 ငါရို့သည် သင်ရို့ရှိ့၌ မိမိကိုယ်ကို ချီးမွမ်းခံလို၍ တဖန် ကြိုးစားခြင်း မဟုတ်။ သင်ရို့သည် ငါရို့ကြောင့် ဂုဏ်ယူနိုင်ကြစီရန် ကြိုးစားခြင်းသာ ဖြစ်၏။ ထို့မှသာ လူ၏ အတွင်းသဘောကို မထောက်ဘဲ ပြင်ပသဏ္ဌာန်ကိုသာ ထောက်၍ ဝါကြွားတတ်သောသူရို့ကို သင်ရို့သည် ပြန်လည် ချေပနိုင်ကြပေမည်။ 13 ငါရို့သည် အမှန်ပင် ရူးသွပ်လေပြီလား။ ရူးသွပ်လျှင်မူကား ဘုရားသခင်အဖို့ ဖြစ်၏။ အကယ်၍ မရူးသွပ်လျှင်လည်း သင်ရို့အဖို့ ဖြစ်၏။ 14 ခရစ်တော်၏ မေတ္တာတော်သည် ငါရို့ကို လွှမ်းမိုးလျက်ဟိ၏။ အကြောင်းမူကား တစ်ယောက်သောသူသည် လူတိုင်းအတွက် အသီခံသည်ဖြစ်၍ လူအပေါင်းရို့သည် ထိုသူနှင့်အတူ သီလျက်ဟိကြောင်းကို အဂုအခါ ငါရို့သည် သိကြ၏။ 15 ကိုယ်တော်သည် လူအပေါင်းရို့အတွက် အသီခံတော်မူသည့်အကြောင်းမှာ အသက်ရှင်လျက်ဟိသော သူရို့သည် မိမိရို့အတွက် အသက်မရှင်ကြတော့ဘဲ မိမိရို့အတွက် အသက်ကို စွန့်တော်မူပြီး ရှင်ပြန်ထမြောက်တော်မူသော သခင်အဖို့ အသက်ရှင်ကြစီရန် ဖြစ်သတည်း။
16 သိုဖြစ်၍ ငါရို့သည် အဂုမှစ၍ မည်သူ့ကိုမျှ လူ့အမြင်အားဖြင့် မစီရင်ယာ။ အယင်က ခရစ်တော်အား လူ့အမြင်အားဖြင့် ငါရို့ စီရင်ခကြသော်လည်း အဂုကား ထိုသို့မပြုယာ။ 17 မည်သူမဆို ခရစ်တော်၌ဟိလျှင် အသစ် ဖန်ဆင်းခံရသော သတ္တဝါဖြစ်၏။ ဟောင်းသောအရာများသည် ကွယ်ပျောက်လား၍ ခပ်သိမ်းသောအရာရို့သည် အသစ် ဖြစ်လာကြ၏။ 18 ဤအမှုအရာ အားလုံးသည် ဘုရားသခင် ပြုတော်မူခြင်း ဖြစ်၏။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် ငါရို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စီ၍ ပြန်လည်သင့်မြတ်ခြင်းနှင့်ဆိုင်သော အမှုတော်ကို ငါရို့အား ပီးအပ်တော်မူ၏။ 19 ထိုအမှုတော်ကား ဘုရားသခင်သည် လောကလူသားအပေါင်းရို့အား ခရစ်တော်အားဖြင့် မိမိနှင့် သင့်မြတ်စီခြင်း၅.၁၉ ဘုရားသခင်သည် လောကလူသားအပေါင်းရို့အား ခရစ်တော်အားဖြင့် မိမိနှင့် သင့်မြတ်စီခြင်း၊ သို့မဟုတ် ဘုရားသခင်သည် ခရစ်တော်အထဲ၌ လောကလူသားအပေါင်းရို့အား မိမိနှင့် သင့်မြတ်စီခြင်း။ဖြစ်၏။ ဘုရားသခင်သည် လောကီသားရို့၏ အပြစ်ဒုစရိုက်များကို မှတ်ထားတော်မမူ။ သူရို့အား ခရစ်တော်နှင့် ပြန်လည်သင့်မြတ်ခြင်းနှင့်ဆိုင်သော သတင်းစကားကို ငါရို့၌ အပ်ထားတော်မူပေသည်။
20 သို့ဖြစ်၍ ငါရို့သည် ခရစ်တော်၏ သံတမန်ဖြစ်ကြ၍ ဘုရားသခင်သည် ငါရို့အားဖြင့် သင်ရို့ကို တိုက်တွန်းတော်မူ၏။ သင်ရို့သည် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ကြလော့ဟု ခရစ်တော်၏ကိုယ်စား ငါရို့သည် တောင်းပန်၏။ 21 ခရစ်တော်သည် အပြစ်ကင်းသော်လည်း ဘုရားသခင်သည် ငါရို့အပြစ်အတွက်ကြောင့် ခရစ်တော်အား အပြစ်ဟိသောသူဟု မှတ်တော်မူ၏။ ဤသည်ကား ငါရို့သည် ထိုအသျှင်အားဖြင့် ဘုရားသခင်ရှိ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။