4 ငါရို့သည် ထိုသို့ပြုမည့်အစား ဆင်းရဲဒုက္ခများ၊ ပူပင်သောကများ၊ အခက်အခဲများကို အလွန် စိတ်ရှည်သည်းခံလျက် အရာရာတိုင်းတွင် ဘုရားသခင်၏ အခိုင်းအစီများဖြစ်ကြောင်း ထင်ရှားစီကြ၏။ 5 ၆.၅ တ ၁၆.၂၃ငါရို့သည် ရိုက်ပုတ် ခံခရခြင်း၊ ထောင်ကျခံခရခြင်းနှင့် ရုန်းရင်းဆန်ခတ်ပြုခြင်းကို ခံခရကြပြီးလျှင် အလုပ်ကို ပင်ပန်းစွာလုပ်ဆောင်ကြရပြီး အိပ်ရခြင်း၊ စားရခြင်း ဟူ၍ပင်မဟိ။ 6 စိတ်နှလုံးစင်ကြယ်ခြင်း၊ ပညာသတိဟိခြင်း၊ သည်းခံခြင်း၊ သနားကြင်နာခြင်းဖြင့် လည်းကောင်း၊ သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် လည်းကောင်း၊ ရိုးသားဖြူစင်သော မေတ္တာအားဖြင့်လည်းကောင်း၊ 7 သမ္မာတရားတော်ကို ဟောပြောခြင်းဖြင့် လည်းကောင်း၊ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် လည်းကောင်း ငါရို့သည် ဘုရားသခင်၏ အခိုင်းအစီများ ဖြစ်ကြောင်းကို ထင်ရှားစီကြ၏။ တိုက်ခိုက်ခြင်း၌ လည်းကောင်း၊ ကာကွယ်ခြင်း၌ လည်းကောင်း ငါရို့သည် ဖြောင့်မတ်ခြင်းတည်းဟူသော လက်နက်ကို အသုံးပြုကြ၏။ 8 ငါရို့သည် ချီးမြှောက်ခြင်းနှင့် ယှုတ်ချခြင်းကိုလည်းကောင်း၊ ကဲ့ရဲ့ခြင်းနှင့် ချီးမွမ်းခြင်းကိုလည်းကောင်း ခံရကြ၏။ လူလိမ်များဟု သတ်မှတ်ကြသော်လည်း ငါရို့သည် သစ္စာစကားကို ပြောဆိုကြ၏။ 9 လူသိနည်းသောသူများကဲ့သို့ ဖြစ်သော်ငြားလည်း အများကသိကြ၏။ သီသောသူများကဲ့သို့ ဖြစ်သော်လည်း အသက်ရှင်လျက် ဟိကြ၏။ သတ်ပုတ်ခြင်းခံရသော်လည်း ငါရို့သည် အသီသတ်ခြင်းမခံရပေ။ 10 ဝမ်းနည်းရသော်လည်း အစဉ်မပြတ် ဝမ်းမြောက်ရ၏။ သူဆင်းရဲများ ဖြစ်သော်လည်း လူအများကို ချမ်းသာကြွယ်ဝစီ၏။ တစ်စုံတစ်ခုမျှ မဟိသော်လည်း အလုံးစုံတိကို ပိုင်ကြ၏။