5 ဤအကြောင်းကြောင့် သင်ရို့သည် မိမိရို့၏ ယုံကြည်ခြင်းကို ကောင်းမြတ်ခြင်းဖြင့် လည်းကောင်း၊ ကောင်းမြတ်ခြင်းကို အသိပညာဖြင့် လည်းကောင်း၊ 6 အသိပညာကို ကာမဂုဏ်ချုပ်တည်းခြင်းဖြင့်လည်းကောင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းကို သည်းခံနိုင်ခြင်းဖြင့် လည်းကောင်း၊ သည်းခံနိုင်ခြင်းကို ဘုရားဝတ်၌မွိ့လျော်ခြင်းဖြင့် လည်းကောင်း၊ 7 ဘုရားဝတ်၌မွိ့ပျော်ခြင်းကို ယုံကြည်သူအချင်းချင်း ခင်မင်ရင်းနှီးခြင်း အားဖြင့် လည်းကောင်း၊ ယုံကြည်သူအချင်းချင်း ခင်မင်ရင်းနှီးခြင်းကို ချစ်မေတ္တာဖြင့် လည်းကောင်း ထပ်လောင်း၍ ဖြည့်စွက်ပီးရန် အစွမ်းကုန် ကြိုးစား ကြလော့။