16 သူသည် ဤအကြောင်းအရာနှင့်ပတ်သက်၍ ရီးထားသမျှသောစာများတွင် ဤသို့ ဖော်ပြထား၏။ သူ၏စာများတွင် ပါဟိသော အကြောင်းအရာအချို့မှာ နားလည်ရန်ခက်သဖြင့် အသိပညာမဲ့၍ မတည်ကြည်သော သူရို့သည် အဓိပ္ပာယ်လွဲမှားစွာ ကောက်ယူတတ်ကြ၏။ ထိုသူရို့သည် အခြားသော ကျမ်းများ၏ အဓိပ္ပာယ်ကိုလည်း ထိုနည်းတူ ကောက်ယူသဖြင့် မိမိကိုယ်ကို ပျက်စီးခြင်းသို့ ရောက်စီကြ၏။