17 သို့သော်လည်း အဆွီရို့၊ သင်ရို့သည် ဤအကြောင်းအရာများကို သိပြီးဖြစ်၏။ ထို့ကြောင့် သင်ရို့သည် မတရားသောသူရို့၏ မှားယွင်းသောလမ်းသို့ မလိုက်မိကြစီရန်နှင့် သင်ရို့၏ ရပ်တည်မှုကို မလဲကျစီရန် စောင့်ထိန်းကြလော့။ 18 သို့ရာတွင် သင်ရို့သည် ငါရို့၏အသျှင်နှင့် ကယ်တင်သျှင်ဖြစ်သော ယေသျှုခရစ်တော်၌ လည်းကောင်း၊ ကိုယ်တော်၏ ကျေးဇူးတော်နှင့် သိကျွမ်းခြင်း၌ လည်းကောင်း ကြီးထွားကြလော့။ အဂုမှစ၍ ထာဝရကာလတိုင်အောင် ထိုအသျှင်သည် ဘုန်းကြီးပါစီသတည်း။ အာမင်။