3 ၃.၃ ယု ၁၈ပထမဦးစွာ သိထားရမည့်အချက်မှာ နောက်ဆုံးသောကာလ၌ မိမိရို့၏ ကိလေသာစိတ်အလိုသို့ လိုက်၍ အသက်ရှင်သောသူတိ ပေါ်ပေါက်လာမည့် အကြောင်းပင်ဖြစ်၏။ ထိုသူရို့သည် သင်ရို့အား ပြက်ရယ်ပြုလျက်၊ 4 "ကိုယ်တော်၏ ကြွလာတော်မူခြင်းနှင့်ဆိုင်သော ကတိတော်သည် ဇာမှာဟိသနည်း။ ငါရို့ အဖိုးအဖီးရို့သည် သီလွန်သည့် အချိန်မှစ၍ ခပ်သိမ်းသောအမှုအရာများသည် ကမ္ဘာလောကကို ဖန်ဆင်းတော်မူချိန်က ဟိခသည့်အတိုင်းပင် မဟုတ်လော" ဟု ဆိုကြလိမ့်မည်။ 5 ဘုရားသခင်သည် ရှီးကာလ၌ မိုးကောင်းကင်နှင့် မြီကြီးကို အမိန့်တော်အားဖြင့် ဖန်ဆင်းတော်မူကြောင်းကိုလည်းကောင်း၊ ကိုယ်တော်သည် မြီကြီးကို ရီထဲမှ ပေါ်ထွန်းစီတော်မူပြီး ရီအားဖြင့် ပတ်လည်ဝိုင်းထားတော်မူကြောင်းကိုလည်းကောင်း၊ 6 ထိုကမ္ဘာမြီကြီးကို ရီအားဖြင့်ပင် လွှမ်းမိုး ဖျက်ဆီးတော်မူခကြောင်းကိုလည်းကောင်း သူရို့သည် တမင်တကာ မိ့ထားကြ၏။ 7 သို့သော်လည်း ဘုရားသခင်သည် အဂုဟိသော မိုးကောင်းကင်နှင့် မြီကြီးကို မီးအားဖြင့် ဖျက်ဆီးသည့် နိ့တိုင်အောင် ဘုရားသခင်၏ အမိန့်တော်အားဖြင့် ဆက်လက် တည်စီတော်မူပေ၏။ ဘုရားတရားမဲ့သော သူရို့အား တရားစီရင်၍ ဖျက်ဆီးခြင်းကို ခံရမည့်နိ့တိုင်အောင် ထိုအရာများကို ထိန်းသိမ်းလျက်ဟိ၏။