8 သို့သော်လည်း ငါ့ အဆွီရို့၊ သခင်ဘုရားအတွက် တစ်ရက်သည် နှစ်တစ်ထောင်ကဲ့သို့ လည်းကောင်း၊ နှစ်တစ်ထောင်သည် တစ်ရက်ကဲ့သို့ လည်းကောင်း ဖြစ်သည်ကို မမိ့လျော့ကတ်ကေ့။ 9 လူတချို့ ထင်မှတ်ထားသည့်အတိုင်း သခင်ဘုရားသည် မိမိ၏ ကတိတော်အရာ၌ ကြန့်ကြာတော် မူသည်မဟုတ်။ မည်သူတစ်ယောက်မျှ မပျက်စီးနိုင်ဘဲ လူတိုင်း အပြစ်မှ နောင်တရစီရန် အလိုတော်ဟိသောကြောင့် သင်ရို့ကို စိတ်ရှည်သည်းခံတော်မူ၏။
10 ၃.၁၀ မ ၂၄.၄၃; လု ၁၂.၃၉; ၁ သက် ၅.၂; ဗျာ ၁၆.၁၅ သို့ရာတွင် သူခိုးလာသကဲ့သို့ သခင်ဘုရား၏ နိ့ရက်သည် ရောက်လာလိမ့်မည်။ ထိုနိ့ရက်၌ မိုးကောင်းကင်သည် အသံမြည်ဟီးလျက် ကွယ်ပျောက်လားလိမ့်မည်။ ကောင်းကင်နှင့်ဆိုင်သော အရာများသည်လည်း လောင်ကျွမ်းကြလိမ့်မည်။ ထိုအခါ မြီကြီးနှင့်တကွ ဟိသမျှသောအရာအားလုံးသည် ပျောက်ကွယ်လားလိမ့်မည်။၃.၁၀ ပျောက်ကွယ်လားလိမ့်မည်၊ တချို့သော လက်ရီးမူကျမ်းတွင် တည်ဆောက်ပါ၊ ဟု ဖော်ပြထားသည်။ အခြားသော ကျမ်းများတွင်မူ မီးတိုက်ရမည်၊ ဟူ၍ လည်းကောင်း၊ ကျမ်းတစ်စောင်တွင် ဖျက်ဆီးခံရသည်၊ ဟူ၍ လည်းကောင်း ဖော်ပြထားသည်။ 11 ဤအရာ အားလုံးသည် ဤသို့ ပျက်စီးလားရမည် ဖြစ်သောကြောင့် သင်ရို့သည် မည်သို့သောသူတိ ဖြစ်သင့်ကြသနည်း။ သင်ရို့သည် သန့်ယှင်းစွာ အသက်ရှင်လျက် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံခြင်းအားဖြင့်၊ 12 ဘုရားသခင်၏နိ့ရက်ကို စောင့်မျှော်၍ ထိုနိ့ရက် အယင် ရောက်လာစီရန် အကောင်းဆုံး ကြိုးစားအားထုတ်လျက်နိန်ကြလော။ ထိုနိ့ရက်၌ မိုးကောင်းကင်သည် မီးလောင်ကျွမ်း၍ ဖျက်ဆီးခံရပြီးလျှင် မိုးကောင်းကင်နှင့်ဆိုင်သော အရာများသည်လည်း အပူကြောင့် အရည်ပျော် ကြလိမ့်မည်။ 13 ၃.၁၃၊ ဗျာ ၂၁.၁သို့ရာတွင် ငါရို့သည် ဘုရားသခင်၏ ကတိထားတော်မူသော ဖြောင့်မတ်ခြင်းတရား ကိန်းဝပ်ရာ ကောင်းကင်သစ်နှင့် မြီကြီးသစ်ကို စောင့်မျှော်လျက် နိန်ကြ၏။