13 ခရစ်တော်ယေသျှု၌ဟိသော ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာရို့ဖြင့် ငါ့ပါးက ကြားရသမျှသော စစ်မှန်သည့် ဩဝါဒကို စံနမူနာအဖြစ် ဆုပ်ကိုင်ထားလော့။ 14 ငါရို့အထဲမှာ ဟိသော သန့်ယှင်းသောဝိညာဉ်တော် တန်ခိုးအားဖြင့် သင့်အား ပီးအပ်ထားသည့် ကောင်းမြတ်သောအရာတိကို ထိန်းသိမ်းစောင့်ရှောက်လော့။