15 ထို့အပြင် သင်သည် ခရစ်တော်ယေသျှု၌ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းနှင့်ဆိုင်သော အသိဉာဏ်ကို ပီးနိုင်သည့် သန့်ယှင်းသော ကျမ်းစာတော်မြတ်ကို ငယ်ရွယ်စဉ်ကတည်းကပင် သိထားပြီးဖြစ်သည်ကို သိမှတ်လော့။ 16 ကျမ်းစာတော်မြတ် အားလုံးသည် ဘုရားသခင် မှုတ်သွင်းထားတော်မူသည်ဖြစ်၍ ထိုကျမ်းစာတော်မြတ်သည် သမ္မာတရားကို သွန်သင်ခြင်း၊ အပြစ်ကို ဖော်ပြ၍ ဆုံးမခြင်း၊ အမှားကို ပြုပျင်ခြင်း၊ မှန်သောအသက်လမ်းကို ညွှန်ပြပီးခြင်း၌ အသုံးဝင်တော်မူ၏။၃.၁၆ ကျမ်းစာတော်မြတ် အားလုံးသည် ဘုရားသခင် မှုတ်သွင်းထားတော်မူသည်ဖြစ်၍၊ သို့မဟုတ် ဘုရားသခင် မှုတ်သွင်းထားတော်မူသော ကျမ်းစကားလုံးတိုင်းသည် အသုံးဝင်တော်မူ၏။ 17 ထို့ကြောင့် ကျမ်းစာတော်မြတ်သည် ဘုရားသခင်၏အစီခံတစ်ယောက်၌ ကောင်းသောအမှု အမျိုးမျိုးကို ဆောင်ရွက်နိုင်ရန် အရည်အချင်းများနှင့် ပြည့်ဝ စီတော်မူ၏။
Publicidade
၂ တိမောသေ 3
Estes versículos te tocaram? Ore agora!
+581 estão orando agora.
Junte-se à corrente de oração.