ငါရို့အတွက် ဆုတောင်းကြလော့
1 နောက်ဆုံးအနေဖြင့် ဆိုရလျှင် ညီအစ်ကိုမောင်နှမရို့၊ သခင်ဘုရား၏ တရားတော်သည် သင်ရို့နှင့်အတူ ဟိသကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့၍ ထိုတရားတော်မြတ်ကို ရိုသီလေးမြတ်သောစိတ်ထားဖြင့် ခံယူကြစီခြင်းငှာ ငါရို့အတွက် ဆုတောင်းပီးကြလော့။ 2 ဘုရားသခင်သည် ငါရို့အား မတရားသောသူရို့နှင့် ဆိုးယုတ်သောသူရို့၏ အန္တရာယ်မှ ကယ်မတော်မူရန်ကိုလည်း ဆုတောင်းပီးကြလော့။ အကြောင်းမူကား တရားတော်ကို လူတိုင်း မယုံကြည်သောကြောင့် ဖြစ်၏။