2 ငါမြင်ရသည့် သားရဲသည် ကျားသစ်နှင့်တူ၏။ သူ၏ခြီသည် ဝက်ဝံခြီနှင့်တူ၍ သူ၏နှုတ်သည် ခြင်္သေ့၏နှုတ်နှင့် တူ၏။ နဂါးသည် မိမိ၏ တန်ခိုးနှင့် မိမိ၏ ပလ္လင်ကိုလည်းကောင်း၊ ကြီးမားသောအာဏာစက်ကိုလည်းကောင်း ထိုသားရဲအား ပီးအပ်လေ၏။
6 သူသည် ဘုရားသခင်နှင့် ကိုယ်တော်၏ နာမတော်ကိုလည်းကောင်း၊ ကိုယ်တော် ကိန်းဝပ်တော်မူရာကိုလည်းကောင်း၊ ကောင်းကင်ဘုံ၌ စံစားသောသူရို့ကိုလည်းကောင်း ပြစ်မှားပြောဆိုရန် မိမိ၏နှုတ်ကို ဖွင့်လေ၏။ 7 သူသည် ဘုရားသခင်၏လူရို့အား တိုက်ခိုက်၍ အနိုင်ရသောအခွင့်နှင့် တိုင်းနိုင်ငံအသီးသီး၌ဟိသော ဘာသာစကားအမျိုးမျိုးကို ပြောဆိုသော လူအမျိုးအနွယ်ခပ်သိမ်းအား အုပ်စိုးပိုင်သောအခွင့်ကိုလည်း ရဟိထား၏။