13 ထို့နောက် ဖားနှင့်တူသည့် ညစ်ညူးသော ဝိညာဉ်သုံးပါးကို ငါ မြင်၏။ သူရို့သည် နဂါး၊ သားရဲ၊ မိစ္ဆာပရောဖက်ရို့၏ ခံတွင်းအသီးသီးမှ ထွက်လာကြ၏။ 14 သူရို့သည် နိမိတ်လက္ခဏာများကို ပြနိုင်သော နတ်မိစ္ဆာများ၏ ဝိညာဉ်များဖြစ်ကြ၏။ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ နိ့ရက်ကြီး၌ စစ်ပွဲဝင်ရန် တစ်လောကလုံးတွင်ဟိသော သျှင်ဘုရင်တိကို စုရုံးခြင်းငှာ သူရို့သည် ထွက်လားကြ၏။
15 ၁၆.၁၅ မ ၂၄.၄၃,၄၄; လု ၁၂.၃၉,၄၀; ယာ ၃.၃ "နားထောင်ကြလော့၊ ငါသည် သူခိုးကဲ့သို့ လာမည်။ သို့ဖြစ်၍ မိမိ၏အဝတ်များကို သတိနှင့်စောင့်ကြပ်သောသူသည် မင်္ဂလာဟိ၏။ အကြောင်းမူကား လူရို့၏ရှိ့၌ အဝတ်မပါဘဲ သွားလာ၍ အရှက်မရစီရန် ဖြစ်၏။"
16 ထို့နောက် ဝိညာဉ်ရို့သည် သျှင်ဘုရင်ရို့အား ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန်ဟု နာမည်တွင်သော အရပ်သို့ ခေါ်ဆောင်စုရုံးစီကြ၏။