မြင်းဖြူစီးတော်မူသောအသျှင်
11 ထို့နောက် ကောင်းကင်ဘုံ ပွင့်လျက်နိန်သည်ကို ငါ မြင်ရ၏။ ထိုအရပ်တွင် မြင်းဖြူတစ်ကောင် ဟိ၏။ ထိုမြင်းကို စီးသောသူသည် သစ္စာဟိသောသူနှင့် သမ္မာတရားဟိသောသူ ဟူ၍ နာမည်ဟိ၏။ ထိုအသျှင်သည် ဖြောင့်မတ်စွာ တရားစီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။ 12 သူ၏ မျက်လုံးများသည် မီးလျှံကဲ့သို့ တောက်ပလျက် ဟိ၏။ သူ၏ ဦးဂေါင်းတွင် သရဖူများကို ဆောင်းထား၏။ သို့သော် မိမိမှတစ်ပါး အခြားမည်သူမျှ မသိသော နာမည်ကို သူ၏အထက်မှာ ရီးမှတ်ထား၏။ 13 ထိုအသျှင်သည် အသွီး၌ နှိုက်ထားသော အဝတ်ကို ဝတ်ဆင်ထား၏။ သူ၏နာမည်ကား "ဘုရားသခင်၏ နှုတ်ကပတ်တော်" ဟူ၍ ဖြစ်၏။ 14 ကောင်းကင်ဗိုလ်ခြေရို့သည် စင်ကြယ်သည့် ပိတ်ချောဖြူထည်ကို ဝတ်ဆင်ကာ မြင်းဖြူများစီးလျက် ထိုအသျှင်၏ နောက်တော်မှ လိုက်ကြ၏။ 15 ၁၉.၁၅ ဗျာ ၁၄.၂၀လူအမျိုးမျိုးရို့ကို နှိမ်နင်းရန်အတွက် ကိုယ်တော်၏ ခံတွင်းမှ ထက်သောသန်လျက် ထွက်တော်မူ၏။ ကိုယ်တော်သည် ထိုသူရို့ကို သံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ သူသည်အနန္တတန်ခိုးသျှင် ဘုရားသခင်၏ ပြင်းစွာသော အမျက်တော်တည်းဟူသော စပျစ်သီးနယ်ရာကျင်းကို နင်းတော်မူလိမ့်မည်။ 16 ကိုယ်တော်၏ ဝတ်လုံတော်နှင့် ပေါင်တော်တွင် "ဘုရင်တကာရို့၏ ဘုရင်၊ အသျှင်တကာရို့၏ အသျှင်" ဟူသော နာမကို ရီးထားလျက် ဟိ၏။
17 ထို့နောက် နီထက်တွင် ကောင်းကင်တမန်တစ်ပါး ရပ်လျက်နိန်သည်ကို ငါမြင်ရ၏။ သူသည် ကောင်းကင်အလယ်တွင် ပျံသန်းနိန်သော ငှက်အပေါင်းရို့အား "လာကြ၊ ဘုရားသခင်၏ စားပွဲတော်ကြီးသို့ စုဝေးကြလော့။ 18 သင်ရို့သည် သျှင်ဘုရင်ရို့၊ ဗိုလ်ချုပ်ကြီးရို့၊ စစ်သူရဲရို့၊ မြင်းစီးသူရဲရို့၊ မြင်းများ၊ လူကြီးလူငယ်ရို့၊ ကျွန်နှင့် ကျွန် မဟုတ်သော သူရို့၏အသားကို စားကြရလိမ့်မည်" ဟု အသံကျယ်စွာ ကြွေးကြော်လေ၏။
19 ထို့နောက် သားရဲနှင့် မြီကြီးထက်၌ဟိသော သျှင်ဘုရင်ရို့နှင့် သူရို့၏စစ်သည် ဗိုလ်ပါရို့သည် မြင်းစီးတော်မူသော အသျှင်နှင့် တိုက်ခိုက်ရန် စုရုံးကြသည်ကို ငါမြင်ရ၏။ 20 ၁၉.၂၀ ဗျာ ၁၃.၁–၁၈သားရဲနှင့်တကွ သူ၏ရှိ့တွင် နိမိတ်လက္ခဏာများကိုပြသော မိစ္ဆာပရောဖက်သည် အဖမ်းခံရ၏။ ထိုမိစ္ဆာပရောဖက်သည်ကား သားရဲ၏အမှတ်တံဆိပ်ကို ခံယူ၍ သူ၏ရုပ်တုကို ရှိ့ခိုးသူရို့အား နိမိတ်လက္ခဏာများကို ပြခြင်းအားဖြင့် လိမ်လည်လှည့်ဖျားသောသူ ဖြစ်သတည်း။ ထိုသူနှစ်ယောက်စလုံးသည် အသက်ရှင်လျက်ပင် တောက်လောင်နိန်သော ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။ 21 ကျန်ကြွင်းသောသူရို့သည်ကား မြင်းဖြူကို စီးတော်မူသော အသျှင်၏ခံတွင်းမှ ထွက်လာသော သန်လျက်ဖြင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ ငှက်အပေါင်းရို့သည် သူရို့၏အသားကို ဝစွာ စားကြ၏။