ကောင်းကင်သစ်နှင့် မြီကြီးသစ်
1 ၂၁.၁ ၂ ပေ ၃.၁၃ ထို့နောက် ကောင်းကင်သစ်နှင့် မြီကြီးသစ်ကို ငါ မြင်ရ၏။ ယခင်က ကောင်းကင်နှင့် မြီကြီးကား ပျောက်ကွယ်လားလေယာ။ ပင်လယ်သမုဒ္ဒရာသည်လည်း မဟိယာ။ 2 ၂၁.၂ ဗျာ ၃.၁၂ဘုရားသခင်၏ သန့်ယှင်းသောမြို့တည်းဟူသော ယေရုဆလင်မြို့သစ်ကို ငါမြင်၏။ ထိုမြို့သည် သတို့သားအဖို့ လှပစွာ ဆင်ယင်ထားသည့် သတို့သမီးကဲ့သို့ အဆင်သင့် ပျင်ဆင်လျက်၊ ဘုရားသခင်ထံတော် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ငါမြင်ရ၏။ 3 ငါသည် ပလ္လင်တော်မှ ကျယ်လောင်သော အသံတစ်သံကို ကြားရ၏။ ထိုအသံကား "အဂုအခါ ဘုရားသခင်သည် လူသားရို့၌ ကိန်းဝပ်တော်မူယာ။ ကိုယ်တော်သည် သူရို့နှင့်အတူ ကိန်းဝပ်တော်မူလိမ့်မည်။ ထိုသူရို့သည် ကိုယ်တော်၏လူတိ ဖြစ်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်ပင်လျှင် သူရို့နှင့်အတူ ဟိနိန်တော်မူပြီး သူရို့၏ဘုရားဖြစ်လိမ့်မည်။ 4 ကိုယ်တော်သည် သူရို့၏ မျက်ရည်ဟိသမျှကို သုတ်တော်မူလိမ့်မည်။ နောက်တဖန် သီဆုံးခြင်း၊ ဝမ်းနည်းပူဆွီးခြင်း၊ ငိုကြွီးခြင်းနှင့် နာကျင်ခြင်းများသည် မဟိရ။ ရှိ့ဖြစ်ဖူးသော အရာများသည် ပျောက်ကွယ်လားယာ" ဟု ဆို၏။