3 ထိုမြို့တွင် ဘုရားသခင်၏ ကျိန်ခြင်းကို ခံရသည့်အရာဟူ၍ မတွိ့ရ။
ဘုရားသခင်နှင့် သိုးသူငယ်တော်၏ ပလ္လင်တော်သည် ထိုမြို့တွင် ဟိ၍ ကိုယ်တော်၏ အစီခံရို့သည် ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်ကြလိမ့်မည်။ 4 သူရို့သည် ကိုယ်တော်၏ မျက်နှာတော်ကို ဖူးမြင်ရကြလိမ့်မည်။ နာမတော်ကို သူရို့၏ နဖူးတွင် ရီးထားလျက် ဟိလိမ့်မည်။