8 ဤအမှုအရာများကို တွိ့မြင်ကြားသိရသောသူကား ငါ ယောဟန်ပင် ဖြစ်၏။ ထိုအရာများကို တွိ့မြင်ကြားသိရပြီးသောအခါ ငါသည် ကောင်းကင်တမန်အား ကိုးကွယ်ခြင်းငှာ သူ၏ခြီရင်း၌ ပျပ်ဝပ်လိုက်၏။ 9 ကောင်းကင်တမန်က "ဤသို့ မလုပ်ကေ့။ ငါသည် သင်နှင့်တကွ သင်၏ညီအစ်ကို ပရောဖက်တိနှင့် ဤကျမ်းစောင်၏ စကားကို လိုက်နာစောင့်ထိန်းသောသူရို့၏ လုပ်ဖော်ဆောင်ဖက် အစီခံတစ်ယောက်သာလျှင် ဖြစ်၏။ ဘုရားသခင်ကိုသာလျှင် ကိုးကွယ်လော့" ဟု ဆို၏။