8 ထိုသတ္တဝါ လေးပါးစလုံးတွင် အတောင်ခြောက်ခုစီ ဟိကြ၏။ သူရို့၏ကိုယ် အတွင်းအပြင်၌ မျက်စိများနှင့် ပြည့်နှက်လျက် ဟိကြ၏။ သူရို့သည် နိ့နှင့်ညပါ မနားဘဲ၊
"အနန္တတန်ခိုးသျှင် ဘုရားသခင်သည် သန့်ယှင်းတော်မူ၏၊
သန့်ယှင်းတော်မူ၏၊ သန့်ယှင်းတော်မူ၏။
ကိုယ်တော်သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလအစဉ် ဟိနိန်တော်မူ၏"
ဟု မြွက်ဆိုကြ၏။