47 "ဤသူရို့သည် ငါရို့ကဲ့သို့ သန့်ယှင်းသော ဝိညာဉ်တော်ကို ရကြပြီ၊ ဤသူရို့အား ရီဖြင့် ဗတ္တိဇံပီးခြင်းကို ဇာသူသည် တားဆီးနိုင်အံ့နည်း" ဟု ဆိုလျက်၊ 48 ပေတရုက သူရို့ကို ယေသျှုခရစ်တော်၏ နာမတော်မြတ်၌ ဗတ္တိဇံပီးခြင်းငှာ စီစဉ်၏။ ထို့နောက် သူရို့က ပေတရုအား သူရို့နှင့်အတူ ရက်အတန်ကြာ နီထိုင်ရန် တောင်းပန်ကြ၏။