1 အန္တိအုတ်မြို့ အသင်းတော်၌ဟိကြသော တချို့သော ဆရာတိနှင့် ပရောဖက်များမှာ၊ ဗာနဗ၊ နိဂါဟု ခေါ်သော သျှုမောင်၊ ကုရေနေပြည်သား လုကိ၊ (ဟေရုဒ်၁၃.၁ ဟေရုဒ်၊ ဟေရုဒ် အန္တိပ၊ ဂါလိလဲပြည်ကို အုပ်စိုးသူ (ရှု လု ၃.၁)။မင်းနှင့်အတူ ကြီးပြင်းလာသူ တစ်ယောက်ဖြစ်သော) မာနင်နှင့် သျှောလု ရို့ဖြစ်ကြ၏။ 2 သူရို့သည် အစာယှောင်လျက် သခင်ဘုရားကို ဝတ်ပြုကိုးကွယ်နိန်ကြစဉ်၊ သန့်ယှင်းသော ဝိညာဉ်တော်က "ငါ၏အမှုကို ဆောင်ရွက်ရန် ငါခေါ်ထားသော ဗာနဗနှင့် သျှောလုကို ရွီးချယ်၍ ခန့်အပ်ကြလော့" ဟု သူရို့အား ပြော၏။
3 သူရို့သည် အစာယှောင်၍ ဆုတောင်းပြီးမှ ဗာနာဗနှင့် သျှောလု၏ဂေါင်းထက်တွင် လက်ကိုတင်၍ စီရွှတ်လိုက်ကြ၏။