တိမောသေသည် ပေါလု၊ သိလရို့နှင့်အတူ ခရီးထွက်ခြင်း
1 ပေါလုသည် ဒေရဗေမြို့သို့ ခရီးထွက်လာခပြီး တိမောသေ ဟုခေါ်သော တပည့်တော်တစ်ယောက် နီထိုင်သည့် လုတ္တရမြို့သို့ ရောက်လာ၏။ ထိုသူ၏အမိသည် ယုဒလူမျိုး ယုံကြည်သူ တစ်ယောက်ဖြစ်ပြီး သူ၏အဖသည်ကား၊ ဟေလသလူမျိုးဖြစ်၏။ 3 ပေါလုသည် တိမောသေကို မိမိနှင့်အတူ ခေါ်လိုသည်ဖြစ်၍ ထိုအရပ်တွင် နီထိုင်ကြသော ယုဒလူမျိုးတိကြောင့် သူ့အား အရီဖျားလှီးခြင်းကို ပီးလေ၏။ အကြောင်းမူကား သူ၏အဖသည် ဟေလသလူမျိုး တစ်ယောက်ဖြစ်သည်ကို သူရို့အားလုံး သိကြ၏။