25 ညဉ့်သန်းခေါင်အချိန် ခန့်တွင် ပေါလုနှင့် သိလသည် ဘုရားသခင်ကို ဆုတောင်းပတ္ထနာပြု၍ ချီးမွမ်းတေးခြင်းများကို ဆိုနိန်ကြ၏။ တခြားထောင်သားများကလည်း သူရို့တေးခြင်းကို နားထောင်နိန်ကြ၏။ 26 ထိုအခါ ပြင်းထန်သော မြီငလျှင်တစ်ခုသည် ရုတ်တရက် လှုပ်သောကြောင့် ထောင်၏အုတ်မြစ် တုန်လှုပ်ကာ ထောင်တန်းခါးအားလုံးသည် ချက်ချင်း ပွင့်လာကြပြီးလျှင် ထောင်သားအားလုံးသည် ချိုင်ထားသော သံကြိုးမှ လွတ်မြောက်ကြလေ၏။ 27 ထောင်မှူးသည် နိုးလာ၍ ထောင်တန်းခါးတိ ပွင့်နိန်သည်ကို မြင်လျှင် ထောင်သားတိ လွတ်မြောက်လားကြပြီဟု ထင်မှတ်ကာ မိမိ၏ဓါးကို ဆွဲထုတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်ရန် ပြုလေ၏။ 28 သို့ရာတွင် ပေါလုက "ကိုယ့်ကိုယ်ကို အန္တရာယ် မပြုကေ့။ ငါရို့ အားလုံး ဤနီရာ၌ပင် ဟိကြ၏" ဟု ကျယ်သောအသံနှင့် အော်ပြောလေ၏။
29 ထောင်မှူးသည် မီးခွက်တစ်ခုကို တောင်း၍ ထောင်ထဲသို့ ဗြီးဝင်ပြီးလျှင် ပေါလုနှင့် သိလရို့၏ခြီရင်း၌ တုန်လှုပ်လျက် ပြပ်ဝပ်လေ၏။ 30 ထို့နောက် ထောင်မှူးသည် သူရို့ကို အပြင်သို့ ခေါ်ထုတ်လာပြီးလျှင် "ဆရာရို့၊ အကျွန်သည် ကယ်တင်ခြင်းရရန် ဇာလုပ်ရပါဖို့လဲ" ဟု မိန်းလျှောက်၏။
31 ထိုအခါ သူရို့က "အသျှင်ယေသျှုကို ယုံကြည်လော့။ ထိုသို့ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူ အိမ်သားတိသည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်" ဟု ပြော၏။ 32 ထို့နောက် ပေါလုနှင့် သိလသည် ထောင်မှူးနှင့် သူ၏အိမ်သူအိမ်သားအားလုံးကို သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။ 33 ထိုညဉ့်အချိန်၌ပင် ထောင်မှူးသည် ပေါလုနှင့်သိလကို ထုတ်ယူ၍ သူရို့၏ဒဏ်ရာများကို ဆီးကြောပီးလေ၏။ ထို့နောက် သူနှင့် သူ၏မိသားစုအားလုံးသည် ချက်ချင်း ဗတ္တိဇံကို ခံယူကြ၏။ 34 ထို့နောက် ထောင်မှူးသည် ပေါလုနှင့် သိလကို မိမိအိမ် အထက်ခန်းသို့ ဖိတ်ခေါ်၍ အစားအစာကို ကျွေးမွေးလေ၏၊ အဂုတွင် သူနှင့် သူ့မိသားစုအားလုံးသည် ဘုရားသခင်ကို ယုံကြည်ကြသောကြောင့် ဝမ်းမြောက်မှုနှင့် ပြည့်စုံကြလေ၏။